Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, August 29, 2012

“ငါ့အိမ်ကလေး”

မှိုင်းညှို့ဝေ အုံ့ထိုင်း

မြူတွေဆိုင်းတဲ့ တောင်ခြေ

သာရကကျေးငှက်စုံပေ

တို့တောမြေ ရေကြည်ချောင်းကလေး

တဖွေးဖွေး စီးဆင်းအေးနေ

သံချိုတေး တောရနံ့ခြွေ

လေပြေအေး သင်းကြည်ပျံ့နေ

သဘာဝအထွေထွေ

လုံခြုံကာလှနေ

ဒါ..ငါ့အိမ်ကလေးလေ…..။


နေခြည်သစ်နွယ်(ပြည်)

No comments: