Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, August 29, 2012

“လှစေချင်..ပျိုမေခင်”

ယဉ်ကျေးမှုမှာ အစဉ်ရှေးရှုကာမျှ မြန်မာပြည်(ပြေ)
ရှုမြော်ငေးကာ စိတ်ဘ၀င်အေးစွ ရှေးအလှတွေနဲ့
မြင်ချင်လှတာ ရွှင်ကြည်ပျအလှ ဘယ်မှာရှာတွေ့နိုင်မယ်
လှမ်းကြည့်တမျှ ပုဂံခေတ်အလှ မပျက်ယွင်းနိုင်ပေ
(အိုကွယ်)…အပြုံးအလှ တိတ်တဆိတ်ရယ်နှင့် နှလုံးသားက စိတ်ကိုဖြေ။
ရာစုသစ်မှာ အစဉ်ရှေးရှုကာမျှ မြန်မာပြည်(ပြေ)
အလှငေးကာ ရယ်စရာတွေးသမျှ ရှေးအလှတဲ့လေ
ပေါ်လွင်လှတာ မီနီစကတ်ရယ်က ဘ၀င်မညီမျှဘွယ်
ခင်ချင်သလှ ပျို့မောင်တို့က ကဲ့ရဲ့စမ်းကွယ်
(မေရယ်)..အပြုံးအလှ ချုံးချုံးချ မုန်းမရ နှလုံးသားကို အပြစ်ဆိုစေ။

နောင်တစ်ခေတ်မှာ အစဉ်ရှေးရှုကာမျှ မြန်မာပြည်(ပြေ)
ရင်လေးတာ ခင်လေးစိတ်က စိုးရွံ့နေတာ
အစဉ်တွေးစရာ ယဉ်ကျေးအလှ ဘယ်မှာရှာတွေ့နိုင်တာ
ကလပ်ရယ်အစ အလှအပဘ၀ ပျက်ယွင်းနိုင်တာ
(အိုကွယ်)…တွေးကြည့်က မနှေးအစဉ်ပ နှလုံးဘ၀င်က အသိအမြင်နှင့် ဆင်ခြင်လေ။


နေခြည်သစ်နွယ်(ပြည်)

No comments: