တစ်ခါတရံကျပြန်တော့
လွမ်းရတဲ့ အဆုံးသတ်
အရှုံးအမြတ်တွက်ကာမနေ
ဆုံးဖြတ်ချက် မမှားလေ
နှလုံးသားမှာလေ….။
ချစ်မိပြန်တော့
သွက်သွက်ခါ..ရူးသတဲ့
အလွမ်းတွေက မင်းအတွက်ရယ်စရာ
ဒါပေမယ့်လည်းလေ……။
အလွမ်းလေးတွေ..စာဖွဲ့
ယိုင်နဲ့နဲ့..လက်ကလေးတွေတောင်မှ
ကီးဘုတ်နဲ့…မတည့်ချင်
ဖြစ်ညှစ်ကာပင်…သီကုံးပြန်တော့
သြော်….မော်ဒန်ကဗျာတစ်ပုဒ်တဲ့လေ….။
လွတ်လပ်ခြင်း၏ အနှစ်သာရ
အပြစ်ပသာဒ မမြင်စေချင်
ချစ်တာတစ်ခုတည်းပင်
အသိစိတ်ဘ၀င် ခေါက်ခက်
ယောက်ရက်ခက်ခက်…ဤစိတ်တွေ
ရယ်ချင်စိတ်တွေ..ဖြစ်မိပါတယ်လေ….။
ကာရန်မညီမှန်း သိသော်လည်း
တစ်ကြိမ်တစ်ခါပင်..ရေးချင်စမ်းပါတယ်
နှလုံးသားရဲ့ အလိုကျ
ဘ၀တစ်ကွေ့ရဲ့ အတွေ့အကြုံ
အဖန်ဖန်လာ ကံကြမ္မာတို့ရဲ့
ရိုက်ခတ်လာ ဒီရင်မှာ
ကြင်ကြင်နာမခံနိုင်တော့သည့်အဆုံး
ကဗျာဆိုသည်..ဖြစ်လာခဲ့ပြန်ပေါ့လေ……။
အိပ်မက်လေးလှလှ
မက်ခဲ့ပြန်..ဒီတစ်ည
ကျေနပ်ကာ..ငါ့ရင်မှာ..
ပျော်နေလိုက်တာ…
နိုးသော်တစ်ဖန်…အပြန်အလှန်
ဗလောင်ဆူပြန်..နှလုံးသားတစ်ရံ
သြော်…အလွမ်းစိတ်တွေနဲ့ပါလားကွယ်…….။
တစ်ခါသော်မှရေးဟန်မပြင်
ကဗျာရှည်ငါ့ဟန်အသွင်
မရှိခဲ့တာအမှန်ပင်
ခုတော့လေလွမ်းစိတ်
ကြိတ်မှိတ်ကာရင်ဝယ်တ
မှန်းဆလာအတိတ်တွေက
သြော်….အရိပ်အဖြစ်နဲ့လေ…..။
အသိတရားတွေးဆင်ခြင်
ရင်ဝပင်အောင့်ချင်ချင်
နောက်များပင်.မတွေးချင်
သင်္ခါရပင်အပြစ်မြင်
သြော်…အတ္တတွေနဲ့ပေါ့လေ…..။
အဆုံးတော့လေ အဖြေရှာ
ရေရေရာရာတွေးကြည့်ပြန်တော့
ငါကိုယ်တိုင်အပြစ်ရှိ
ငါသည်ပဲလွမ်းသည်
သြော်….ငါ့ကိုယ်ငါပဲ…အပြစ်တင်ချင်……။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment