Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 19, 2012

“နှလုံးသားရာသီ”



အိပ်မက်ဝေသီ..မိုးညတွေဆီ

ချစ်သူတေးသီ..အလွမ်းဖွဲ့တေးပန်းချီ

မျှော်နေမည်…

ချစ်သောသူသို့ရည်……။


အမှောင်ယံကမ္ဘာဆီ..လှမ်းလို့မျှော်ရည်

မိုးသက်လေပြေ..တိုက်ခတ်နေသည်

သြဂုတ်လရဲ့ ဤရာသီ..လွမ်းနေပါအုံးမည်…။

အချစ်ဆုံးသူဆီ…မျှော်ကြည့်မိသည်

မျက်ရည်ဖွဲ့သီ..ငိုနေမည်

နှလုံးသားရာသီ..အလွမ်းတေးသည်

ပျံ့လွင်နေပြီ..ရင်ထဲသို့တိုင်သည်

မျှော်နေကြာပြီ..ပေါ်မလာပြီ

အလွမ်းမိုးဆွေသည်…ဤရာသီ….။


နေခြည်သစ်နွယ်(ပြည်)

No comments: