Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, September 10, 2012

“အချစ်ရဲ့ပုစ္ဆာ”

အလွမ်းရင့်ရင့်နဲ့ ပန်းတစ်ပွင့်ဖြစ်မှ

ခင်တွယ်ရမှာလား…

အလွမ်းစစ်စစ်နဲ့ အနမ်းလက်သစ်က

ငါ့ရင်မှပေါက်ဖွား ဆော့ကစားစရာမဟုတ်..

နှလုံးသားစစ်စစ်နဲ့ ထုဆစ်တတ်မှ

အချစ်လို့ခေါ်သလား…

အရှုံးသမားအချစ်က အပြုံးအလှနဲ့ရေးခြစ်

လေးပစ်စရာမလို တိုးဝင်ကာရင်ထဲ

အစဉ်စွဲ ဘ၀င်ချမ်းမြေ့စရာ..။


နေခြည်သစ်နွယ်(ပြည်)

No comments: