Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, September 11, 2012

“ယူတတ်စေချင်..”


မလှသေးခင် အလှပြင်
လုံမပျိုမေခင်..
မရေးတတ်ခင် အရေးသင်
အတွေးဆန်းစေချင်..
လောကလူ့ဝယ်..ပုံဆန်းတယ်
အမြင်လေးလည်း..ကြွယ်ရမယ်

သုတအစုံစုံ..ရသဖုံ
ကုထုံးဆောင်းပါး..ရှိသေးတယ်
ဝတ္ထုအထွေထွေ ကဗျာဝေ
မှတ်စရာ အဖုံဖုံလေ..
ရေးပဲမနေ အတွေးတွေ
ဝေဖန်နေပေ စိတ်တွင်းလေ
မစ္ဆရိယတွေ ၀င်ကာမနေ
လုံမပျိုခင်ရေ..
အဆိုးတွေကို ဖယ်ခွါလေ
အကောင်းပကတိအမြင်ပေ
ယူတတ်ပါစေ စာပေတွေ..
လုံ့လပြုလေ နေ့တိုင်းမသွေ
အကျိုးရှိပေ အထွေထွေ
မှတ်သားနာယူလေ
နောင်ခေတ်အဆက်ဆက်ပေ..။


နေခြည်သစ်နွယ်(ပြည်)

No comments: