ငါ့နံဘေးမှာ ဘယ်သူမှမရှိတဲ့အခါ
ငါဟာ အဝေးကိုပြေးထွက်
အေးစက်စက် လက်တစ်စုံက
နွေးထွေးဖွယ် ကမ်းလင့်သူမရှိ
ရင်ခွင်ဗလာ အထီးကျန်ရပ်ဝန်းတွေမှာ
ခိုနားစရာ အရိပ်အယောင်
လိပ်ပြာတစ်ကောင်ပမာ
တိတ်တဆိပ် ငိုနေ
ကြိုနေတယ် လမင်းက
ငါ့နှလုံးသားကို ဟားတိုက်
ခပ်မိုက်မိုက်လေး သရော်တယ်
နင်..ရူးနေတယ်တဲ့…။
ငါဟာ အလင်းမဲ့သူ
ချစ်မယ့်သူ..မရှိ
ရိတိတိရင်ခွင်မှာ
နင်ဟာမရှိ..
အကြင်နာပီတိက
ခပ်ယိုင်ယိုင်နဲ့ပြုံး
နောက်ဆုံးအမုန်းက နှလုံးသားမှာ
ဘယ်မှာလဲ..အချစ်ပျောက်ရှာ
အသစ်တစ်ယောက်ရှာ..နင်က
လှည့်စားကာ ပစ်သွား
ရစ်ထားခဲ့တဲ့ သံယောဇဉ်က
ဘယ်ဆီဝယ် မမေ့နိုင်
ယနေ့ထက်တိုင် လမင်းနဲ့အပြိုင်…။
မြေတလင်းနဲ့ လမင်း
စစ်ခင်းကာ မနိုင်
ချစ်ခြင်းအပြိုင်လှတယ်
ကချေသည် ငါ့ဘဝ
မလှမပ ဒဏ်ရာက
အနာတရ ရင်မှာ
ကြင်နာစွာ ပွေ့ဖက်ထားပါ
တောင်းဆိုကာ လမင်း
အလှယမင်းနဲ့ ပြည့်စုံတာ
ငါ့ဘ၀ ဘယ်မှာ
ပျောက်ဆုံးညကြယ်တာရာ
နှလုံးသားမှာ အလင်္ကာ
ဆင်ဆာဖြတ်စရာမရှိ
ဒီရင်မှာ အမြစ်တွယ်ခဲ့တာမို့
အချစ်ဆိုတာ..
ရယ်ရွှင်စရာ ဆေးတစ်ခွက်ပါ
သောက်လေလေ အငတ်မပြေ
ရမက်မဖြေတဲ့ မေ့ဆေး
ရေအေးတစ်ခွက် ပုံပမာ
နှိုင်းတုစရာ မယှဉ်သာဘု
ကြင်နာသူ နင်အခု
ရည်စူးကာ ဘ၀င်တစ်ခု
ကြည်နူးရွှင်စရာ လမင်းပမာ
ငါ့စိတ်ဝယ် အေးချမ်းစေမှာ
တဒင်္ဂလေးရယ်ပါ….။
No comments:
Post a Comment