Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, September 15, 2012

“အနုပညာ(ခရော့(စ်))အချစ်”

အနုပညာ…တဲ့

ငါသိတဲ့ အနုပညာ

ရူးချင်စရာကောင်းလောက်ပေတယ်

အလှစစ်စစ်ဟာ..နှလုံးသား

ရုန်းမရတဲ့ အပေါ်ယံတွေတဲ့လား…။


အလှစစ်ဟာ အနုပညာ

ထုဆစ်ရတာ နှလုံးသား

အရှုံးသမားကတော့…ငါ

လုံးဝမှားခဲ့ပြီလားကွယ်….။

ကောလနဲ့ ဟာလ

ငါ..မယုံကြည်ခဲ့ပါဘူး

မင်းရင်ထဲကမေတ္တာ

အကြွင်းမဲ့..ယုံကြည်စေတာ

ခုတော့လည်း..မဟာသမုဒ္ဒရာ

လှိုင်းထန်တဲ့ ပင်လယ်ပမာ

ငါ့စိတ်တွေ အရိုင်းစိုင်း

ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်စေတယ်

အချစ်တွေရယ် မပြောပါနဲ့တော့ကွယ်

ငါ့ရင်မှာ တဒင်္ဂ

ဝင်သမျှ..အချစ်တွေက

ရယ်ရတဲ့ ဟာသကားပမာ

ရပ်တန့်လို့မဆုံးစေတော့ပါဘူးကွယ်….။


နေခြည်သစ်နွယ်(ပြည်)

No comments: