အိမ်ပြန်ချိန် ရောက်တိုင်း
တစ်ယောက်တည်း လျှောက်သွားတယ်
ပျောက်သွားတယ် ငါ့ရင်တစ်စုံ
လှမ်းခုံကြည့်လို့မမြင်
အထင်တွေက လွဲမှား..
တွဲသွားစရာ အဖော်ရယ်မရှိ
အချစ်တို့က ဘယ်မှာ..
မိုးသည်းထဲမှာ….။
တမ်းတကာ ရေရွတ်
စိုစွတ်တဲ့ ငါ့နှုတ်ခမ်းတစ်စုံဟာ
ဖွဖွလေး ပြောနေမိတယ်
ခိုက်ခိုက်တုန်အောင် ချမ်းတယ်
လွမ်းတယ် ချစ်သူရယ်…လို့
တိုးတိုးတိတ်တိတ် ကြိတ်မှိတ်
မျက်လုံးလေးမှိတ်ကာ ငိုမိတယ်
ဆိုမိတယ် တေးသီချင်းတွေက
ဒီမိုးသည်းထဲမှာ…….။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment