Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, September 17, 2012

“ကမ်းခတ်ချင်သူ”

ချစ်တယ်..ချစ်တယ်တဲ့..

တစ်ဖွဖွဆိုနေပေမယ့်

ကြားကောင်းရုံပြောတတ်တယ်

မင်းနှုတ်ခမ်းပါးပါးလေးကကွယ်

တကယ်ဆို မင်းရင်ထဲဝယ်

မြင်သိအောင် ၀င်ကြည့်ချင်မိတယ်

ယုံတမ်းတွေလည်း ပြောမနေစေချင်တယ်

ချစ်တတ်တဲ့ အပြောလေးတွေရယ်

အပေါ်ယံလွှာတွေကပဲ  ညှို့နိုင်ရက်လေသလားကွယ်..။


ပြင်းရှရှသံယောဇဉ်တွေက

ဒီရင်ကို ငြိတွယ်စေပြီးမှ

ပလီပလာစကားတွေက

ငါ့ကို.. ဇီဇာကြောင်စေတယ်တဲ့လား ချစ်သူရယ်..။

ငါ့ရှေ့မှာ ချစ်တယ်ဆို..

င့ါကွယ်ရာ လေရူးရင့်တယ်

နေအထူးမြင့်တဲ့ ဖိုးရွှေလရယ်

မင်းနဲ့ငါ ကမ္ဘာခြားနေသလို

ခ၀ါချခဲ့ပါရစေ ဇာတ်လမ်းတွေကို

မင်း..သွားလိုရာသွားစေ

အပါးနေ မခစားတော့ပါဘူး

ခစားချင်သူ..မင်းတစ်ယောက်အတွက်

နောက်ဆုံးနှုတ်ဆက်ပါရစေတော့နော်….။


နေခြည်သစ်နွယ်(ပြည်)

No comments: