Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, September 18, 2012

“ကိုယ့်နံဘေးကသံစဉ်”

 ပါးစပ်ရာဇ၀င်လေးတစ်ခု..တဲ့

သူမရေးပေမယ့် သူဆိုတဲ့သီချင်း…

ရင်တွင်းကတကယ်.. မြတ်နိုးမိပါတယ်။

တစ်ချိန်တစ်ခါကရယ်..ညနေဆည်းဆာကွယ်

ကိုယ့်နံဘေးထိုင်ကာရယ်

သူညည်းတွားသီဆိုတယ်..

မမေ့ခဲ့ပါ ယနေ့ထက်တိုင်အောင်ကွယ်။

 

















 


သံစဉ်လေးမဆုံးသေးပါတယ်

ကိုယ်လည်းပဲ နှုတ်ဆက်ခဲ့တယ်

မျက်ရည်တွေ ၀ဲတဲ့အဖြစ်ရယ်

မခွဲခွါရက်ပေမယ့် ခက်ခွါခွါနေခဲ့ရတယ်

မုန်းရက်လို့ နှုတ်ဆက်ခဲ့တာမဟုတ်

ချစ်တတ်လို့ လက်ပြခဲ့သူပါကွယ်….။

သူ့ရင်ထဲ ကိုယ်ဝင်ကြည့်တကယ်

သောကတွေ ပြည့်နှက်ကာရယ်

ပေါ်လွင်တယ် မျက်ဝန်းအိမ်ဝယ်

ချစ်ခြင်းတွေ ဗလောင်ဆူတယ်

တကယ်ဆို သံစဉ်တေးရယ်

ဆုံးမသွားစေချင် ပြန်ဆုံတွေ့ခဲ့ရင်

အဆုံးသတ် သံစဉ်တေးရယ်

နှလုံးသားထဲ စွဲမြဲစေရည်ရွယ်

တေးသီငှက် ကျူးရင့်ပေးပါအမှန်….။


နေခြည်သစ်နွယ်(ပြည်)

  




No comments: