Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, September 19, 2012

“ဆေးစက်ကျရာ အရုပ်မထင်ပါနဲ့”

စုတ်ချက်တွေက လှတဲ့အခါ
ဘ၀က အထာမကျတယ်
ပါဝါပြချင်ပေမယ့်
သဘာမကျပါဘူး
ဒါ..ဘ၀ဆိုတာပဲလေ။
စိတ်ကူးနဲ့ ရူးခဲ့တဲ့
အထူးဆေးရေးပန်းချီကားတစ်ချပ်ဟာ
အသက်မပါ..
ဘ၀ဟာ အသက်ရှင်နေပေမယ့်
ဖြစ်ခွင့်မရှိတဲ့..လောကအလယ်မှာ
သောကတွေ ရေးဆွဲမယ်
အတွေးခက်ခက် အရောင်တွေက
ရွေးချယ်ရခက်တယ်

ထပ်ကာ..ထပ်ကာ..ရေးဆွဲတယ်
အတွေးသမားရဲ့ဘဝ
အနုပညာနဲ့ သဟဇာတမဖြစ်တာ
မဟာဘ၀င်ကျစရာမလိုပါဘူး
လိုတာ ယူသုံးပါ
ရယ်ပြုံးစရာတွေလည်းရှိနေမှာ
ဒါ..ဘ၀ပါ။
လှတဲ့အခါ လှလို့
ကျတဲ့အခါ ကျမယ်
ဒါ…ဘ၀ပါကွယ်
အထာနပ်စရာမလို
စာတတ်မှသာ ဘ၀..
အလှအပမလို စကားကချိုချို
ပျို့ သံစဉ်တေးလေး
အတွေးလေးနဲ့ ဆေးခြယ်
ရေးမယ်လေ ခဏ
ဘ၀ကတော့…ဒီလို။
ရောင်းတန်းဝင် ဈေးကွက်
ဆေးစက်ကျရာ အလှထင်
ကချင်ချင် အဖြစ်တွေမှာ
အလှနှစ်စရာမလို
ချစ်တာပျို အနုပညာက
သုခုမ ဆေးရောင်စို
အို..အတွေးကို ပန်းချီကားတစ်ချပ်လို
ကြိုက်ဈေးဆို မရောင်းမိစေနဲ့
ဟဲ့…ဒါ မြန်မာမိန်းကလေးဆို
စိတ်ထားပျို နှလုံးသား
သုံးစားမရတဲ့ ငွေကြေးက
လုံးဝ တန်ဖိုးမရှိတာ
ဒါ…အသိတရားနဲ့ ဆင်ခြင်ကြပါကွာ…။


နေခြည်သစ်နွယ်(ပြည်)

No comments: