တွေး..တွေး..တွေးကြည့်တတ်တယ်
လေး..လေး..လေးနက်မိတယ်
သေလောက်အောင်ချစ်ခဲ့ပေမယ့်
လှည့်စားရက်စေခဲ့သူရယ်..
အချစ်ကြီးသူ ငါ့နှလုံးသားတွေကို
မင်းအတွက် စတေးခဲ့လိုက်ပါ့မယ်
ငါမသိတဲ့ အရိပ်တွေနားဝယ်
မင်း..ခိုဝင်မှေးစက်စေတော့ကွယ်
ငါသိခဲ့တဲ့..တစ်နေ့ဟာ
နောက်ကျသူ အရှုံးသမားအဖြစ်ရဲ့
နှလုံးသားဈာပနကို
မင်း..လှည့်လို့မကြည့်ပါနဲ့တော့
ငါချစ်သော..မင်းအတွက်
နောက်ဆုံးအချစ်..သံယောဇဉ်တွေကို
ရုတ်သိမ်းခွင့်ပြုပါရစေတော့ကွယ်..။
ကဗျာဆန်တဲ့..စာသား
ကာရံတွေပါတဲ့ မေတ္တာတရားတွေက
ငါ့နှလုံးသားကို တိုက်စား
ရိုက်ထားတဲ့ ကလေးငယ်ပမာ
အနာတရတွေ ဖြစ်နေခဲ့ပါပြီကွယ်…။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment