Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, September 6, 2012

“ကျွန်မနှင့်အတူပျော်ရွှင်ခြင်းရဲ့…နောက်ကွယ်ကရလဒ်”

ဘ၀မှာ အောင်မြင်ခြင်းဆိုတဲ့ နေထိုင်မှုတစ်ခုဟာ ကျွန်မအတွက်တော့ ၀ါသနာဆိုတဲ့ နားသုံးနာထဲက တစ်ခုပါပဲ။ ၀ါသနာတစ်ခုကို အရင်းတည်ကာ နှစ်သက်မြတ်နိုးလွန်းတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ရှင်သန်နေရခြင်း ဟာ၊ ဥစ္စာပစ္စည်း ပြည့်စုံခြင်းထက် ချမ်းသာခြင်းသုခတစ်မျိုးဆိုတာကို လက်ခံနားလည်မိခဲ့ပြန်ပြီလေ။
ကျွန်မက ပန်းလေးတွေကို နှစ်သက်မြတ်နိုးတတ်သူဖြစ်နေခဲ့သလို၊ ပန်းပေါင်းစုံတွေဝေတဲ့ ဥယျာဉ်ထဲမှာ အလှဆုံးနဲ့ အကြိုက်ဆုံးပန်းဆိုရင် နှင်းဆီကို မြတ်နိုးခုံမင်တတ်ခဲ့သူရယ်ပါ။ ဒီဇိုင်းပညာတွေကို မြတ်နိုးနှစ်သက် မှုရှိခဲ့သလို၊ နှင်းဆီနဲ့ပတ်သက်လာခဲ့တဲ့ အရောင်အသွေးစုံလင်လှတဲ့ ဒီဇိုင်းတွေကို စုဆောင်းတဲ့နေရာမှာလည်း ပျော်မွေ့တတ်ခဲ့သူပေါ့။
နှင်းဆီက ကျွန်မကို ညှို့ယူနိုင်စွမ်းပါတယ်။ နှင်းဆီက သိပ်လှသလို၊ ထက်မြက်မှုရှိတယ်၊ ပန်းတကာအလယ်မှာ သူကလည်းပန်းဆိုပေမယ့် သူကတော့ ကျရောက်လာမယ့် အခက်အခဲတွေ၊ အဆိုးတွေ၊ သူ့ရဲ့အရာအားလုံး၊ အထူးသဖြင့် သူ့ရဲ့ အလှတရားကို ဆူးခက်လေးတွေနဲ့ ၀န်းရံထားတတ်ခဲ့ပါတယ်။ ဒါဟာ ကျွန်မနှစ်သက်မြတ်နိုး တဲ့ နှင်းဆီပန်းကလေးပေါ့။
နှင်းဆီကို မြတ်နိုးတဲ့ကျွန်မ facebookကိုလည်း ချစ်တတ်ခဲ့ပါတယ်။ facebookကို ချစ်တတ်သလို၊ facebookပေါ်မှ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကိုလည်း သိပ်ချစ်တတ်ခဲ့သူရယ်ပါ။ မနက်ခင်းလေးရောက်တိုင်း ကျွန်မစုဆောင်းထားမိတဲ့ သိပ်လှတဲ့ နှင်းဆီတွေကို ကျွန်မကိုယ်တိုင် သဘောကျ နှစ်သက်မိသလို အခြားသူတွေလည်း နှစ်သက်မိလိမ့်မယ်လို့ ယုံကြည်ထားမိခဲ့တယ်လေ။
Onlineဆိုတဲ့ နယ်ပယ်သေးသေးလေးက တကယ်ဆိုတော့ နယ်မြေအကျယ်ကြီးရယ်ပါ။ ဒီလိုနယ်မြေအကျယ် ကြီးထဲမှာ ကျွန်မကို ခင်မင်သူများလည်းရှိခဲ့တာပေါ့လေ။ ခင်မင်သူတွေ၊ ချစ်သူတွေကို သိပ်လှတဲ့ပန်းကလေး တွေ၊ ပန်းစည်းလေးတွေ၊ အရုပ်လှလှလေးတွေ ပေးတတ်တဲ့စိတ်လေးကတော့ ကျွန်မရဲ့ တစ်နေ့တာ မနက်ခင်း အချိန်လေးကို ကုန်ဆုံးစေခဲ့ပါတယ်။

အချိန်တွေက ကုန်ဆုံးခဲ့ပေမယ့် ရင်ထဲမှာဖြစ်ပေါ်လာခဲ့ရတဲ့ ကြည်နူးမှုနဲ့ ပျော်ရွှင်မှုတွေကတော့ တစ်နေ့တာအတွက် လုံလောက်တဲ့ကျေနပ်မှုမျိုးကို ရရှိစေခဲ့တာအမှန်ပါပဲ။ ကျွန်မပို့ထားရစ်ခဲ့တဲ့ အလှဆုံးပန်း ကလေးတွေကို ခံစားရင်း ကျွန်မချစ်တဲ့သူတွေရဲ့ ရင်ထဲမှာဖြစ်ပေါ်လာမယ့် ကြည်နူးမှု၊ ကျေနပ်မှု၊ ပျော်ရွှင်မှုတွေ ကို တွေးရင်းကပဲ ထပ်တူခံစားမိခဲ့ပါတယ်။
ဒါဟာ ကျွန်မနဲ့ facebookက ရလာတဲ့ ပျော်ရွှင်မှုတစ်ခုပေါ့…
ကျွန်မ မြတ်နိုးမှုမရှိတဲ့ ပန်းကလေးတွေကို သူတို့တွေလည်း မြတ်နိုးမှုမရှိနိုင်ဘူးဆိုတာ နားလည်မိခဲ့ပြန်ပါတယ်။ လူသားတွေကိုယ်စီမှာ ပင်ကိုယ်က ပေါက်ဖွားလာတတ်ကြတဲ့ အနုပညာစိတ်တစ်ခုဆိုတာ ရှိနေကြမယ်ဆိုတာ ကျွန်မလက်ခံမိတတ်ပြန်တယ်။ ကျွန်မ ပန်းကလေးတွေကို နှစ်သက်မိသလို သူတို့လည်း နှစ်သက်နေမိကြမှာပါ။ လူသားတွေတိုင်းမှာ ဥစ္စာတွေပြည့်စုံမှု၊ မပြည့်စုံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အရာတွေကို အောင်မြင်မှုလို့ ကျွန်မ မသတ်မှတ်ချင်ပါဘူး။ လူတစ်ယောက်ချင်းရဲ့ကိုယ်စီသဏ္ဍာန်မှာ ဖြစ်ချင်တာလေးတွေကို လုပ်နေခဲ့ကြရ ရင်၊ ပျော်ရွှင်မှုတစ်ခု၊ စိတ်ကျေနပ်မှုတစ်ခုလေးသာ ရှိနေကြရင်၊ ဒါဟာ ကျွန်မအတွက်တော့ အောင်မြင်မှုလို့ သတ်မှတ်ချင်ပါတယ်။ ဒီလိုအကြောင်းတရားတွေဟာ ကျွန်မနဲ့ facebookမှ ရလာခဲ့တဲ့ ပျော်ရွှင်ခြင်းရဲ့ နောက်ကွယ်က အောင်မြင်မှုပါပဲ။
ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်မှုမရှိရဘဲ၊ ပူဆွေးမှုတွေရဲ့သောကကို ရင်ဝယ်ပိုက်ထွေးခဲ့ပြီး ဥစ္စာတွေပြည့်စုံခြင်း ဟာ၊ သူ့အတွက်တော့ ပုံရိပ်ယောင်သာပဲဖြစ်နိုင်ပါလိမ့်မယ်။ တကယ့်စစ်မှန်သောအောင်မြင်ခြင်းဆိုတာကို ရရှိနိုင်မှာမဟုတ်ပါဘူး။
ကျွန်မက facebookကို အကြောင်းပြခဲ့တာပါ။ တကယ်ဆိုတော့ လူသားတိုင်းဟာ ဘယ်နေရာဒေသလေးကပဲ ဖြစ်ဖြစ်၊ ၀ါသနာပါရာ၊ ဖြစ်ချင်တာလေးတွေကို လုပ်ကိုင်ခွင့်ရနေခဲ့ရင်ဖြင့် ကျွန်မတို့ စိတ်ရဲ့ပျော်ရွှင်မှု၊ ကျေနပ်မှု တွေကို ရရှိနေတဲ့အခါ၊ ရင်တွင်းမှဖြစ်ပေါ်လာသော ပီတီတွေဟာ နေ့သစ်တိုင်းမှာ အောင်မြင်မှုတစ်ခုဖြစ်နေခဲ့ပါ တယ်။
ကျွန်မ လူတစ်ယောက်ကို ကျေနပ်စရာကောင်းတဲ့ ပျော်ရွှင်မှုတွေကို ပေးချင်ပါတယ်။ ကျွန်မလိုဘဲ သင်တို့ရော ပေးချင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူတစ်ယောက်ကို ပေးဘို့အတွက် ကျွန်မတို့တွေ ကုန်ကျစရိတ်တွေ မလို အပ်ပါဘူး။ သူ့ကို ကျွန်မတို့ရဲ့ စိတ်ခွန်အားနဲ့ အကောင်းဆုံး ဖန်တီးပေးနိုင်ပါတယ်။ ဖန်တီးပေးနိုင်စွမ်းလည်း ရှိကြပါတယ်။ ကျွန်မတို့တွေက သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေကို ရင်ဝယ်မှာပိုက်ထွေးပြီး မဖြစ်နိုင်ဘူး ဆိုတဲ့ ရိုးစင်းလှတဲ့စကားလုံးတွေကို ခုတုံးလုပ်ရင်းက မဖြစ်နိုင်ဘူးဖြစ်ခဲ့ကြတာပါ။ တကယ်ဆိုတော့ ဖြစ်နိုင်ပါ တယ်။
နေ့သစ်တစ်ခုအတွက် ကျွန်မတို့ကိုယ်တိုင် အကောင်းမြင်စိတ်၊ ပေးကမ်းချင်စိတ်၊ စွန့်ကြဲချင်စိတ်လေးတွေ မွေးမြူကြည့်ကြရအောင်ရှင်။ သင်တို့ရော မွေးမြူလို့ရနိုင်မယ်လို့ထင်ပါတယ်။ ကျွန်မတို့အတွက် ကိုယ်ဆင်းရဲ ခြင်း၊ ကိုယ်ချမ်းသာခြင်းဆိုတဲ့အရာတွေကို ခဏဖယ်ထားလိုက်ကြပါ။ နေ့သစ်လေးမှာ ကျွန်မတို့ကိုယ်တိုင် မေတ္တာစိတ်လေးပေါက်ဖွားကြည့်ရအောင်၊ အဲ့ဒီစိတ်လေးဖြစ်ပေါ်လာခဲ့ရင်ဖြင့် ဆန်းစစ်ကြည့်ကြရအောင်ရှင်။ ကျွန်မတို့ရဲ့စိတ်ကလေးတွေ ကြည်လင်သွားပြီလား၊ ပျော်ရွှင်နေပြီလားဆိုတာကိုပေါ့။ အဲ့ဒီလိုလေး ဖြစ်ပေါ်လာ ခဲ့ကြရင်ဖြင့် သူတစ်ပါးကို ပေးကမ်းဘို့အတွက် လုပ်ဆောင်ကြရမှာပါ။
သူတစ်ပါးကို ပေးကမ်းဘို့အတွက် လိုအပ်ချက်တစ်ခုကို ရှာဖွေနေကြရမှာပါ။ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ နေရာလေးအပေါ်မူတည်ပြီး လိုအပ်ချက်တွေကို ကြည့်ကြရမှာပါ။ တကယ်ဆို သင်တို့ပြောနေ မလား။ ဘာမှမလိုပါဘူးလို့…ဒါဟာ လိမ်ညာခြင်းတစ်ခုပါ၊ ကျွန်မတို့ကိုယ်တိုင်မသိနိုင်တဲ့ မှုန်ဝါးဝါးစိတ်ရဲ့ လိုအပ် ချက်တစ်ခုတော့ ရှိနေကြမှာပါ။ သိန်းနှစ်ရာတန်ကားကြီးကိုမှ လိုအပ်ချက်တစ်ခုလို့မခေါ်နိုင်ပါဘူး။ ကျွန်မတို့ရဲ့ ရင်တွင်းမှ မှန်းဆရခက်တဲ့ ဆန်းကြယ်သောစိတ်တွေဟာ တန်ဘိုးမရှိသော ပန်းလေးတစ်ပွင့်ကိုပင် လိုချင်တပ် မက်မှုရှိချင်နေကြပြန်ပါတယ်။ တန်ဘိုးမရှိသောပန်းတစ်ပွင့်ကပဲ ထိုသူရဲ့စိတ်ကို ကျေနပ်စေမယ်ဆိုရင်..ဒါဟာ ကျွန်မတို့ရဲ့ နေ့သစ်အတွက် ရရှိလာခဲ့ကြတဲ့ အောင်မြင်တစ်ခုပါ။
ဒါကြောင့် ကျွန်မနဲ့ facebookလို၊ ၀ါသနာ၊ ဖြစ်ချင်သောဆန္ဒ၊ နေရာဒေသတို့နှင့်အတူ သင်တို့ရဲ့ အောင်မြင်မှုတွေကို ရယူနိုင်ကြပါစေလို့ ဆန္ဒပြု ထပ်တူခံစား ရေးဖွဲ့တင်ပြလိုက်ပါတယ်ရှင်။


နေခြည်သစ်နွယ်(ပြည်)

No comments: