Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, November 9, 2012

“ရောက်လုပြီ...”



ဆယ်စုနှစ်တွေကြာ

ကြုံဆုံလာ..တွေ့ဘူးပါဘူး

သူတထူးတဲ့..နေမင်းပမာ

ရွှေအဆင်းတစ်ရာ ၀ံ့ကြွား

စွန့်စားရဲတဲ့ သတ္တိ..

အသိနဲ့ မေတ္တာ..

သစ္စာတရား ပေါင်းစပ်

ပေါင်းဖက်ခဲ့တဲ့ နယ်နိမိတ်


အတိတ်တို့ရဲ့ အရိပ်တွေဟာ

အိပ်မက်တွေလို..ပေါ်လာခဲ့ပြီ…

မျှော်လာခဲ့သည်..ခေတ်သစ်ဆီ

တွဲလက်ညီညီ..ပုံရိပ်လွှာတွေသည်

အပြုံးပန်းဝေ နှလုံးသားအေးချမ်းစေ

တစ်စိတ်တစ်ဝမ်းနဲ့လေ ထာဝရညီညွတ်နေ

အလှအပတရားနဲ့လေ..ပြည်မြန်မာကြီး သာယာစေ…။


နေခြည်သစ်နွယ်(ပြည်)

No comments: