မင်းမရှိတဲ့ အခန်းကျဉ်းလေးထဲ
တိုးတိုးတိတ်တိတ်နဲ့ဝင်
စိုးထိတ်လန့် အတွေးတွေက
စိတ္တဇညတွေတိုင်းကို
ကုန်လွန်စေခဲ့ပြီ….။
အရိပ်အယောင်တွေက
အတိတ်အမှောင်တွေကို
ခြောက်လန့်ခြင်း ပုံရိပ်တွေနဲ့
နောက်ကွယ်မှာ..သေဆုံးသွားခဲ့ပြီ….။
ကာရံတွေ မရှိတော့တဲ့ သီချင်း
ရင်ခုန်သံတွေ ပျက်ယွင်း
အချစ်ရဲ့ညနေခင်းလေးမှာ
ခိုလှုံစရာ ရင်ခွင်တစ်စုံက
မှောင်ရီဝေတဲ့ ညတွေမှာ
ခရီးဦးမကြိုတော့တဲ့ ရင်ခွင်ဗလာ
တွင်တွင်ငါ ယစ်မူးတယ်
ချစ်ဆူးစူးခဲ့..နှလုံးသားတွေဟာ
ပျက်သုဉ်းလို့ အဝေး.
ငေးကာကြည့်လိုက်ရင်
အတွေးကမ္ဘာတွေကဖြင့်…..။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment