Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, November 11, 2012

“လရောင်အောက်က..ချစ်သူပျို”



လရောင်ရဲ့ အောက်မှာ

ဂီတာအိုက စောင့်စားတယ်

ပျောက်သွားတယ် သံစဉ်တွေက

ရင်ဘတ်တစ်ခုမှာ….။

ခြေလှမ်းတွေက ရှေ့ကိုတိုးလာ

မနိုးချင်တာ ရင်ခုန်သံ

ဒီရင်ကို စုံကန်ခဲ့တော့

မျော့မျော့လေးပဲပေါ့….။


ဖြူလွလွ အသားအရေက

မလှစေပါဘူး ငါ့နှလုံးသားကို

အမှောင်ဖုံးတဲ့ လရောင်လို

မဲမှောင်စေခဲ့ပြီလေ…။

ကတ္တီပါဖိနပ်ပါးလေးက

ရယ်ချင်စရာ ခပ်ကြွားကြွားလေးပါ

မှုံဝါးဝါး နှလုံးသားက

ဆုံးမစရာ ဆရာမရှိတော့

တစ်ခါ..အထိနာခဲ့ရပြီလေ…။


နေခြည်သစ်နွယ်(ပြည်)

No comments: