Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, November 29, 2012

“မေ့ချစ်သက်လယ်”



နှစ်ကိုယ်တူ ရွှေရည်ဖက်တယ်

သင့်မြတ်တဲ့ ကြင်စဦးရယ်

ခင်ပါဘူး မေ့သက်လယ်….။

ကြင်သူနဲ့ နှစ်ကိုယ်တူ

အလိုတူ ကြည်ဖြူကြတယ်

ဆိုအတူ နဂိုဖြူအလှတွေရယ်

မမေ့နိုင်တယ် ချစ်သက်လယ်…။


ခမ်းခမ်းနားနား တမ်းတတယ်

နွမ်းနွမ်းလျလျ စိတ်ကလေးရယ်

ပြုံးရိပ်နဲ့ ယှက်သန်းဖွယ်

လွမ်းရတယ် မေ့ချစ်သက်လယ်…။

ရှက်ပြုံးလေး ဆံထုံးသျောင်ဖယ်

မဆုံးပေါင်တယ် ဘုန်းရောင်ရယ်

တစိမ့်စိမ့်ရင်ထဲဝယ်

ကြင်စကွယ် ခင်အလှရယ်

မြင်ရတယ် ယဉ်တကာ့မယ်

တစ်ခါမျှမေ့မရတယ်..မေ့ချစ်သက်လယ်….။


နေခြည်သစ်နွယ်(ပြည်)

No comments: