Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, November 29, 2012

“အနမ်းဝိုင်ချို..မေ့ရင်ဖို”



ရူပကာက အထာမကျပါဘူး

သဘာဝအလှစစ်စစ်တွေက

ချစ်သူအတွက် ဖြစ်မလာခဲ့ရင်

ချစ်ခဲ့တာတွေက အပြစ်ဖြစ်နေမလား….။

စိတ်အဆင်းက ဆွဲဆောင်မှုမရှိပါဘူး

မလွှဲမရှောင်သာပဲ ပြောတတ်တဲ့

တောကျတဲ့ စကားလုံးတွေက

ကဗျာစာသားတွေလို မလှပပေမယ့်

အညတရမဟုတ်တဲ့ စိတ်ထားတွေက

သိပ်ကြွားတဲ့ ထိပ်ထားမဟုတ်ပေမယ့်

စိတ်ထားလေးတော့ ဖြူပါတယ်ရှင်ရယ်….။


ချစ်သူကြိုက်တဲ့ ရူပကာ

ဖြူနီပြာဝါ နားမလည်တတ်ပါဘူး

ခါးသက်သက်အရသာမပါတဲ့

အနမ်းဝိုင်ချိုတစ်ခွက်ကတော့

ချိုမြရွှန်းအီ မွှေးပျံ့နေဆဲပါကွယ်

တိုင်းကမ္ဘာမှာ ရှားပါတယ်

အနားကဖယ်မခွါ..ခပ်တိုးတိုးလေးပေးမယ်

တွေး…တွေးနေချိန်..ခပ်ဖွဖွလေးဆိုမယ်

အမှတ်တရတေးတွေလည်း ချိုနေပါတယ်ရှင်ရယ်….။


နေခြည်သစ်နွယ်(ပြည်)

No comments: