Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, November 18, 2012

“ကြင်နာအနမ်းတွေနဲ့အတူ..”



ချစ်ဆုံးသူရေ…

မျှော်လင့်ချက်တွေထားခဲ့တဲ့

အနာဂါတ် ငါ့ကမ္ဘာငယ်လေးထဲမှာ

သက်ဆုံးတိုင် ချစ်နေချင်တယ်..။

အတူပျော်ခဲ့တဲ့ နေ့ရက်လေးတွေ

ကြင်နာခဲ့တဲ့ အနမ်းလေးတွေက

မေ့မရခဲ့တဲ့ ဘ၀တွေမှာ

သက်ဆုံးတိုင် နေချင်ခဲ့တာ

မင်းလေး သိနိုင်ပါ့မလားနော်….။


ယုယမှုလေးတွေကြားက

နှစ်ဆယ့်လေးနာရီ အနမ်းလေးတွေဟာ

ချိုမြိန်ခြင်းနေ့ရက်လေးတွေကို

ရင်ခုန်စွာနဲ့ စောင့်နေမိခဲ့သူက

ငါ..တစ်ယောက်တည်းပါနော်….။

မျှော်လင့်ချက်တွေလည်း..မပေးခဲ့ပါနဲ့

ငါလိုချင်သော အချစ်စစ်တွေက

မင်းနဲ့အတူရှိမှ..ပျော်နေနိုင်မှာပါကွာ…။

အချိုဆုံးနှုတ်ခမ်းလေးတွေက

အနမ်းလေးတစ်စုံဟာ..

စိတ်ကူးယဉ် အိပ်မက်မဟုတ်ခဲ့

ရင်ခုန်နေ့ရက်တွေနဲ့ ..

လည်ပတ်နေတဲ့ နာရီသံတွေလို

နှစ်ဆယ့်လေးနာရီ အတူရှိနေချင်ပါတယ်…။

ရင်ချင်းအတ်တဲ့ နှလုံးသားတစ်စုံ

ချစ်ခြင်းအနမ်းနဲ့ ယုယမှုလေးတွေဟာ

ခုညမှာတော့ မဝေးပါရစေနဲ့တော့နော်….။


နေခြည်သစ်နွယ်(ပြည်)

No comments: