Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, November 18, 2012

“အချစ်ရဲ့နေ့စွဲ”



ကမ္ဘာပျက်သလိုပဲ

စာမျက်နှာနေ့စွဲတွေထက်မှာ

တစ်ရွက်ပြီး တစ်ရွက်

အပျက်ကြီး ပျက်ခဲ့ပြီ…။

ရေတွက်မိခဲ့သလို

ဤနေ့လို ရက်စွဲ

မှတ်မိနေဆဲ ..ငါ့ရင်ထဲ

အလှဘ၀င်တွေထဲ မျောနေ

စောနေသေးတဲ့ အချိန်တွေက

အရိပ်တွေလို ကျန်ခဲ့

ချန်ခဲ့တဲ့ ပြက္ခဒိန်တွေက

ငါ့ရင်ဘတ်ရဲ့ အထက်နားဆီမှာ…..။


အတွေးတွေနဲ့..ငို

ဆိုနေတယ်..သီချင်းတွေလည်း

မင်းရင်ထဲ အစဉ်အမြဲ

ကြင်စဲ အနမ်းတွေက

အလှမ်းကွာ ဒီနေ့တွေမှာ

အကြည်စိမ့်စရာ မရှိလေတော့

နှစ်သိမ့်ကာ ငါ့အနား

ထာဝရ နေ့စွဲတွေက…

ကြွေလို့သွားပြီလေ…..။


နေခြည်သစ်နွယ်(ပြည်)

No comments: