တစ်ခါကဆီ ရောက်ခဲ့ပေသည်
“ကရင်ပြည်နယ်”….
လမ်းမှဖြတ်သွား ပဲခူးအစ
ညောင်ခါးရှည်လေ ဆက်၍လှမ်းနေ
တောင်ပြာတန်းတွေ တွေ့မြင်ရနေ
ကနဦးရဲ့အစလေ….။
မှန်းမျှော်အရောက် တွေးဆချင့်သည်
ရောက်ပင်သော်ငြား သထုံအပါး
နားခိုရာမှ ဖူးတွေ့မြင်ရ
ရွှေစာရံက သပ္ပာယ်ရှုမဆုံး
ကြည်နူးမြင်ရ အထင်ကရ…..။
ရှေ့ဆက်ကာမျှော် တောင်ပေါ်တခေါ်
ပေါ်လာပါသော် လှမ်းတွေ့မြင်ရ
ဘားအံပြည်ရဲ့အလှ…။
ညှို့မှိုင်းကာနေ တောင်တန်းတွေလေ
စိမ်းလန်းစိုနေ မြူခိုးတဝေေ၀
သဘ၀တရားရဲ့ အလှတွေ….။
ယာဉ်ဆက်ကာစီး အမှတ်ကြည့်သည်
ရောက်လုပြန်ပြီ ကော့ကရိတ်ဆီ….။
လမ်းဖြတ်အကြည့် အတွေ့ထိသည်
မင်္ဂလာဆင်နွှဲ ဓလေ့ထုံးတမ်း
ရိုးရာအဆင် အမြင်သာလျှင်
တွေ့ရပါလျှင် အပြုံးတွေပင်
ရင်ထဲဘ၀င်ကြည်နူးမိပါသည်…။
တောင်ပေါ်စကား ၀ဲသံအလှ
ဖြူစင်တမျှ တိုင်းရင်းတို့က
ဧည့်ဝတ်ပျူငှာ တလပေါ့ဟာ
စိမ့်ဝင်ရသာ ရင်မှာစွဲတာ
တမ်းတမိတာ သူတို့လက်ရာပါ…..။
ချိုမြိန်သစ်သီး ဒူးရင်းသီးက
မမေ့နိုင်စရာ သထုံပြည်မှာ
ဘာသာတရား လွန်လွှမ်းမိုးတာ
ပျူငှာယဉ်ကျေး သူတို့လေးတွေ
တောင်ယာလုပ်ကာပျော်ပျော်နေ….။
လွမ်းတေးဆိုနေ ဒေါနတောင်ခြေ
လှမ်း၍ကြည့်နေ ဇွဲကပင်မြေ…။
အဝေးကဆီ ကျန်နေခဲ့ပြီ
လွမ်းနေပြီလေ သံလွင်ရေ…။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment