Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, February 5, 2013

“အလိုလို”

“အလိုလို”
အလွမ်းအဆွေး၊ တမ်းတငေးလည်း
ရနံ့မပြယ်၊ မွှေးပျံ့လွန်းတယ်
အနမ်းပန်းရယ်၊ မကြွေစေဘဲ
ဝေမြဲနေတာ၊ ကုဋေကုဋာ။
အချစ်အလွမ်း၊ မတမ်းတလည်း
ဝင်လာစမြဲ၊ ရင်ထဲငြိတွယ်
စွဲမြဲစေတယ်၊ မေ့ရခက်တယ်
နှလုံးသားက၊ ဘာကြောင့်များရယ်။

မလွမ်းမနေ၊ အမြဲတစေ
တွယ်နှောင်ရစ်နေ၊ တမ်းတစိတ်တွေ
မှန်းဆခက်ခက်၊ ဖြေဖျောက်မတတ်
အိပ်စက်ညတွေ၊ လွမ်းမိုးဆွေဆွေ
ရနံ့တွေဝေ၊ အိပ်ပျက်ညတာရှည်။

နေခြည်သစ်နွယ်(ပြည်)

No comments: