Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, February 5, 2013

“ဝေးနေဆဲ…”

“ဝေးနေဆဲ…”
ချစ်ရသူရေ…
အနေတွေကဝေး..
အခြေအနေတွေက..မပေးလေတော့
ဝေးလို့သာ.နေကြအုံးပေါ့..။
ချစ်ရသူရေ…
စိတ်ကူးနဲ့ ပျော်မြူး
အော်…ခုထိရူးနေတုန်းပဲ..။
ချစ်ရသူရေ…
ဝေးနေတာ..တခဏပေါ့
တသသဲ့..မေ့မရခဲ့ပါဘူး
နေ့တွေမှာ..တမ်းတခဲ့လို့..
လွမ်းရတဲ့..ညတွေဟာ..
ငါ့အတွက်တော့.မိုင်ပေါင်းကုဋေ..

ချစ်ရသူရေ…
ဘယ်လိုကွာဝေး..ခဏလေးလည်း
မေ့မသွားဘူး..စက္ကန့်တွေတိုင်း
အလွမ်းမပြတ်ခဲ့ပါဘူး..။
ချစ်ရသူရေ….
လွမ်းရက်ကကြာရှည်..
တမ်းတမိတိုင်း..မျက်ရည်ကဝေ
မှန်းဆကာ…ခေါ်မိပြန်တော့
မျှော်မိတဲ့…နှလုံးသားက
ချုံးချုံးချ..ငိုချင်လာတာ
ထိုစဉ်ခဏ..တွေ့မြင်ရရင်
ရင်ထဲမှာ…ကြည်ရွှင်ပကာ
ခင်ကြည်လှတဲ့…ချစ်ရသူ့မျက်နှာ….

နေခြည်သစ်နွယ်(ပြည်)

No comments: