Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, February 5, 2013

“ငါ့အတွက်….သတိ”

“ငါ့အတွက်….သတိ”
နံနက်ခင်း..လုပ်ငန်းစဖို့
ညကတည်းက..တွေးပြင်ဆင်
တရေးစဉ်းစား..အလုပ်တွေက
ညအိပ်ရန်ပင်.အခက်တွေ့ရ…။
လက်စမသတ်..စာရင်းတွေက
အပျင်းဖြေရန်..အချိန်မရ…။
မှတ်စရာစာအုပ်.အဆင်သင့်ပြင်
ရင်ထိုးအသင့်..ဂျူတီကုတ်ဆင်
ရေးစရာ…ဖောင်တိန်တစ်ချောင်းက…
ညစဉ်ပင် ထည့်သိုရ..။

အဲ့လိုမှ.မဟုတ်ရင်
လုပ်တာတွေအလွဲ…
အမြဲပဲ.မေ့တတ်ရင်..
ဓလေ့ကရှိသေးတယ်..။
မမေ့အောင်..ကြိုတင်ကာဆောင်
လိုချင်တာ..အသေအချာပြန်စစ်
မရေရာခဲ့ရင်..သေချာသည်
ဖိုင်း (Fine) ချမှတ်အုံးမည်တဲ့….။

နေခြည်သစ်နွယ်(ပြည်)

No comments: