Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, February 19, 2013

“လေပြေရဲ့ရိုက်ခတ်သံ”

“လေပြေရဲ့ရိုက်ခတ်သံ”

အိမ်ပြင်ဆီမှာ ငေးမော့ကြည့်စဉ်
ထိတွေ့လာတဲ့… လေပြေရနံ့တွေက
မရှိတော့တဲ့..အလွမ်းတွေကို…
တမ်းတရင်း..ရေတွက်
အနေခက်စေတယ်လေ….။
မြောက်ပြန်လေညှင်းနဲ့အတူ
ဖွာကျနေတဲ့ ဆံနွယ်စတွေက
ပါးပြင်ကို ညင်သာစွာရိုက်ခတ်စေတယ်
မညှာမတာ တိုက်ခတ်နေဆဲ…လေပြေတွေက
ငါ့ရင်ကို တိုးဝင်လာတယ်…
အေးစိမ့်စိမ့်အရသာကို.. ခံစားခဲ့ရပေမယ့်
ရင်ထဲမှာတော့…ပူလောင်နေဆဲပါပဲ….။

မငြိမ်းသောမီးတွေက..
လေပြေနဲ့အတူ…ပေါင်းစပ်ယှက်နွယ်
လောင်ကျွမ်းနေဆဲ..နှလုံးသားတစ်စုံကတော့…
ကောင်းကင်ထက်မှာ…အခိုးအငွေ့အဖြစ်…
လွင့်ပြယ်စေခဲ့ပြီလေ…..။


နေခြည်သစ်နွယ်(ပြည်)


No comments: