Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 15, 2012

“မိုးကာလေး”


ဒီကဗျာလေးကတော့ တစ်ဦးတစ်ယောက်ကိုရည်ရွယ်ပြီး ရေးခဲ့တာပါ..ကဗျာလေးရေးပြီးနှစ်ပတ်လောက်အကြာမှာ တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ပါပဲရှင်....ကဗျာမလေးရဲ့စိတ်နဲ့ တစ်ဦးတစ်ယောက်ရဲ့စိတ်နဲ့ ဒီလောက်ပဲ တိုင်ဆိုင်ခဲ့ရသလားရှင်....။
 
သူ့အတွက် မိုးကာတစ်ထည်
ငါမျှော်မှန်းတကယ်
မိုးရေစက်တွေ..အေးတကယ်
အချမ်းတွေ..ပိုနေမလားကွယ်….။
မိုးကာလေးတစ်ထည်
သူ့အတွက် လုံခြုံစေမယ်
အချမ်းပြေ..သက်သာစေတကယ်
တန်ဖိုးဖြတ် အနှိုင်းမဲ့စေတယ်
သူ့အတွက် ရင်ခွင်နွေးစေမယ်
ကဗျာမလေးရဲ့ မိုးကာတစ်ထည်….။

နေခြည်သစ်နွယ်(ပြည်)

No comments: