Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 15, 2012

“အမေ့ရဲ့အနမ်း”

“အမေ”
အဝေးဆီမှာ
သားမျှော်ငေးနေရပြီ
အမေ့အိမ်ရဲ့ ရွက်ဖျင်တဲ
ချိနဲ့နဲ့ ခေါင်တိုင်အရိပ်မှာ
သားအလိုဆန္ဒတွေ မပြည့်ခဲ့
ရမ္မက်ဒေါသတွေ ပွေ့ဖက်
အခြေအနေမဲ့ခဲ့ တကယ်လို့
ထင်မှတ်တဲ့ ကြံစည်အတွေး
ခုတော့လေ အဝေးဆီဝယ်
သားတကယ် တမ်းတမိခဲ့တာ
အမေ့ရဲ့ အိမ်ကလေးတစ်လုံးရယ်ပါ…။

သား..အိပ်မောကျချိန်
တိုးတိုးလေး အနမ်းဖွတာ
သိရက်နှင့် ရှောင်ဖယ်ခဲ့တာ
ငြူစူစူ လက်ကလေးဖြင့်
အမေ့ဘေးသို့ ခါချခဲ့တာ
ခုတော့လေ အဝေးဆီ
သားတကယ် ငိုနေရပြီလေ….။
အိပ်မပျော်ခဲ့ ညတွေထဲ
အမေ့ရင်ခွင် တမ်းတအစဉ်
မှန်းဆမြင် အလွမ်းကယဉ်
လှမ်းမရအခက် အနမ်းပါးတစ်ဖက်…
သားအခု…လိုချင်မိပြီ…အမေ….။

နေခြည်သစ်နွယ်(ပြည်)

No comments: