Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 15, 2012

“စည်းခြားနေပြီလား”


ဟိုးတချိန်ကပျာ်ရွှင်စရာကောင်းခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဘ၀တွေဟာခုတော့ ကမ္ဘာကြီးတစ်ခုဆီမှာ ရောက်ရှိနေသလို စည်းတွေခြားထားနေခဲ့ကြပါပြီ၊ စိတ်ကူးတွေ၊ နှလုံးသားတွေရဲ့အလိုကျ ဆန္ဒတွေထပ်တူ ဖြစ်မလာခဲ့တာ ချစ်သူနှစ်ဦးအတွက်တော့ ရင်နာစရာကောင်းနေခဲ့ပါပြီ၊ITWorldရယ်ဖြစ်လာခဲ့ပေမယ့် ဆက်သွယ်မှုလမ်းကြောင်းလေးကအစ..ဧရိယာပြင်ပတဲ့လား…မခံစားနိုင်ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်ကွဲသံတွေ ဟာ တွေးမကြည့်ရုံနဲ့သိ…ပြေးမကြည့်ရုံနဲ့မြင်နိုင်ခဲ့ပါပြီ..အရာရာမှာ အသိတရားဖုံးလွှမ်းတတ်တဲ့စိတ်ထားလေး တွေဟာ တခါတရံမှာ ချစ်သူနှစ်ဦးအတွက် အဝေးဆုံးကိုရောက်ရှိစေခဲ့ပြီလား…ဆုံခွင့်တွေမပေးနိုင်ခဲ့ရင် အစကတည်းက ဆုံခွင့်တွေပေးလာတဲ့ ကံကြမ္မာကိုယိုးမယ်ဖွဲ့ အပြစ်တွေလို့ ပြောကြရအုံးမည်တဲ့လား.. ဖြစ်ချင် တာတွေ ဖြစ်ခွင့်မရခဲ့တာကို ဖြစ်ချင်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့စိတ်တွေကို အတ္တလို့ သတ်မှတ်ကြမည်တဲ့လား.. ဘတ်(စ်)ကားပေါ်မှာ စုံတွဲတွေကိုတွေ့မြင်ရင်
သိပ်လွမ်းရသလို…မိုးတွေရွာနေတဲ့အခါ ချစ်သူနှစ်ဦး အတူတူတွဲ လျှောက်လို့ စိုနေတဲ့မိုးရေထဲ လျှောက်သွားကြည့်လိုက်ဖို့ ရင်ခုန်နေခဲ့ရသည်၊ သို့ပေမယ့်လည်း…ဒါဟာ တကယ့် အဖြစ်အပျက်မဟုတ်…အိပ်မက်တွေသာ…ဆောင်းနှင်းတွေပွင့်တဲ့အချိန်မှာ ချစ်သူရင်ခွင်ကို ခိုလှုံဖို့ တမ်းတခဲ့မိပြီ နှင်းစက်တွေအောက်မှာ ချစ်သူနှစ်ဦး စက်ဘီးလေးအတူစီးကာ လျှောက်သွားမည်စိတ်ကူးမိသည်…ဒါတွေဟာ အိပ်မက်သာ…အိပ်မက်တွေဟာ တကယ်များဖြစ်နေခဲ့မလား…တွေးမိခဲ့သူ ချစ်သူနှစ်ဦး ရင်မောခဲ့ရပြန်ပါသည်။ ချစ်သူစုံတွဲတွေ ဆိုင်တွေမှာ တွေ့မြင်ရရင် ကြည်နူးမိခဲ့ကြသည်၊ တချိန်ကအဖြစ်အပျက်တွေဟာ ခုတော့လည်း အတိတ်လို့ပြောခဲ့ကြပြီလေ…အတိတ်ဆိုတာ ထားခဲ့ရမည်လား…သယ်ဆောင်ခဲ့ရမည်လား…ပစ္စုပ္ပန်ဘ၀မှာ ပျော်ရွှင်စရာအချိန်လေးတွေးကို တွေးမိကြရင်း နှစ်သိမ့်ကျေနပ်နေခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ဘ၀ကို စာနာပေးနိုင် တဲ့သူတစ်ဦးတစ်ယောက်များရှိခဲ့ရင်ဖြင့်..ချစ်သူနှစ်ဦးရဲ့ နှလုံးသားရင်ဖွင့်သံတွေဟာ… အက်ကြောင်းထပ် နေတော့မှာပါ..တကယ်ဆိုတော့ ချစ်သူနှစ်ဦးဟာ စည်းခြားသွားခဲ့ပါပြီ…အိပ်မက်တွေကို ကြိုးစားအကောင် အထည်ဖော်နေကြပေမယ့်…ဖြစ်လာတော့မည်လား…မဖြစ်လာတော့မည်လားဆိုတဲ့ မရေရာတဲ့ ဝေေ၀၀ါးဝါး တွေဟာ နှလုံးသားနှစ်ခုကို ပူလောင်စေခဲ့ပါပြီ…နေ့စဉ်နဲ့အမျှ အချိန်တွေကို ကုန်စေခဲ့ရင်း အလွမ်းတွေကတော့ နဲသထက်နဲနေရမည့်အစား…ပိုလိုသာလာခဲ့ပါတော့သည်…ITဆိုတဲ့ အများသူငါတွေပြောဆိုနေကြတဲ့ ခေတ်ကြီး ဆီမှာ…ချစ်သူနှစ်ဦးရဲ့ကံဇာတာတွေက ဆက်သွယ်မှုဧရိယာပြင်ပဆိုပြန်တော့…ရင်ကွဲစရာအဖြစ်အပျက်တွေ ပါပဲ..တွေးမိလိုက်တိုင်း ရင်တွင်းမှမျက်ရည်တွေ အခါခါကျရသလို..တစုံတခုကိုမကျေနပ်မှုတွေနှင့်အတူ စည်းခြားထားခဲ့ကြတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်ကို ချစ်သူနှစ်ဦး ပြေးထွက်လိုက်ချင်ပါတော့သည်….။

(သိပ်ချစ်ကြသော ချစ်သူများ ပျော်ရွှင်စွာပေါင်းစည်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်……)
နေခြည်သစ်နွယ်(ပြည်)

No comments: