Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, July 7, 2012

“အင်တာဗျူး”

“အင်တာဗျူး”
ငါတကယ် အလုပ်လုပ်ချင်တာ
အင်တာဗျူးရန်လာ
မျက်နှာကို စေ့စေ့ကြည့်
အတွေးထဲထိ သူမသိ
ဘယ်ဆီပင် ပြေးရ
ငါ့အင်တာဗျူး ဒုက္ခ…။

ငါ့မှာလေ ဆိုင်ကယ်မရှိ
မိသားစုက ဗလာနတ္ထိ
စားစရာပင် ဘယ်ဆီမသိ
ငါ့အင်တာဗျူး ဆက်ရန်မရှိ…။
အင်တာဗျူးရေ အကြိမ်ကြိမ်ပေ
ဖြေစရာပင် အခြေအနေပျက်
ရယ်စရာပင် တကယ်ကိုခက်
အင်တာဗျူးရဲ့ အရေအတွက်….။

နေခြည်သစ်နွယ်(ပြည်)

No comments: