Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, July 7, 2012

“ပြန်လမ်းသို့”


“ပြန်လမ်းသို့”
တစ်နေ့တော့ သေရမည်
ငါ့ရှေ့က ဖြတ်သွားသည်
ဝိညာဉ်တစ်ခုရဲ့ တန်းစီယာဉ်…။
သူလည်းပဲ သွားနှင့်သည်
ငါလည်းပဲ သွားရမည်
ဘယ်တော့များ ခေါ်မလဲ…….။

တန်ဖိုးနည်း..တန်ဖိုးများ
ဘာမျှပင် မရပါလား
လောဘနှင့်ဒေါသများ
သောကတွေ..ပိုစေတအား
ဘုရားရှင်ပင် သေစေရ
ငါကား..ဘာလဲ..မေးစမ်းပါရ….။

နေခြည်သစ်နွယ်(ပြည်)

No comments: