Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, July 7, 2012

“တရွာသားနှင့်တရွာသူ”

“တရွာသားနှင့်တရွာသူ”
လှမ်းကြည့်တော့ အမြင်
ထူးဆန်းတာ မမြင်
သူ့အသွင် ရေကြည်စင်
တင်စားပင်ခေါ်ဝေါ်ချင်
တရွာသားရဲ့ စိတ်ထားခင်…။

အချောအလှတွေ အစဉ်
လှမ်းကြည့်ပင် ခလုတ်တိုက် အမြင်
သူ့အသွင် ထူးဆန်းဆင်ခြင်
အမြင်အလှယဉ် ရိုးဆန်းခင်မင်
စိတ်ထားပင် ဖြူလှချင်
တရွာသူရဲ့ အလှတရားကြင်…..။

နေခြည်သစ်နွယ်(ပြည်)

No comments: