Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“နှလုံးသားချင်းသိတဲ့ကမ္ဘာ”

အသံကြားတိုင်းလည်း..မဟုတ်
ချစ်တိုင်းလည်း..မဟုတ်
နှလုံးသားချင်း နွယ်ယှက်
ဘယ်သူဖြတ်ဖြတ် မပျက်သောသစ္စာ…။
ရှောင်လွှဲနေလည်း..အရိပ်
ဒီစိတ်နဲ့ တွယ်ငြိတာ
သူ့ရင်မှာ သစ္စာ
နှလုံးသားချင်း သိနေတာ….။

မပြောလည်းဘဲ အသိ
ပြောလည်းပဲ အတိ
နားလည်မှုတွေ ရှိခဲ့တာ
ငွေလမင်းကြီးသက်သေပါ…။
ဆုံခွင့်တွေပေး..အနေတွေဝေး
ရင်ကို အေးမြစေတာ
မေတ္တာတရားပါ…။
သောကတွေလည်း အတူ
အမုန်းတရားလည်း မငြူစူ
အပြုံးတရားဖက် ပျော်ရွှင်နေမှာ
တို့နှစ်ဦးရဲ့ သီးခြားကမ္ဘာ….။

တေးရေး-လှိုင်းသန့်(မြန်မာစာ)
နေခြည်သစ်နွယ်(ပြည်)

No comments: