Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, June 6, 2012

“၀မ်း…တူး…သရီး…နော်”



မသည်းမကွဲ
ဝိုးတ၀ါးလည်း
ချစ်လိုက်ကြမယ်
ဝမ်း…တူး…သရီးရယ်ဆို
ရင်ခုန်သံ အချစ်စစ်တွေလို့
ဟစ်အော်ကာ မြည်ကြွေး
ဘယ်သူတွေသိစေ
ဆုပ်ကိုင်ကာ ထားကြမသွေ
နှလုံးသားတွေ မယိုင်လဲနေ
ခိုင်မြဲပေ…..ဒီတသက်တာလေ….။

နေခြည်သစ်နွယ်(ပြည်)

No comments: