“ရင်ခုန်တတ်သူ”
အကြည့်ချင်းတွေကဆုံ
အပြုံးတစ်ချက်နဲ့
လက်ပြခဲ့တော့
ငါ ရင်တွေခုန်ခဲ့ရသူပေါ့…။
ယိမ်းနွဲ့နွဲ့ ဟန်ပန်တွေက
မာယာတွေဆိုပေမယ့်
ငါ ပိုပိုချစ်နေရတာ
အနေကြာရင် ရိုးသွားမှာလား
ဝေဒနာတွေက ပိုလို့တိုးလာ
ရင်ခုန်သံတွေက
မြန်လာတတ်ခဲ့ပြီနော်…။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment