Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, June 6, 2012

“အနှိုင်းမဲ့ချစ်သူ”

“အနှိုင်းမဲ့ချစ်သူ”


ငါ့ရင်က တဒင်္ဂစိတ်မဟုတ်ပါ
အထင်ကရအချစ်တွေနဲ့
မင်းကိုလေ….အနှိုင်းမဲ့ချစ်ခဲ့တာပါ။
ငါ့ရင်က အလွမ်းတွေဟာ
တမ်းတတဲ့ ခဏလေးမဟုတ်ပါ
အမြဲတမ်းထာဝရ ချစ်နေချင်တာပါ။
နင်ထားခဲ့လည်း ငါ့ရင်မှာ
အရင်က အချစ်တွေက
စံပြအချစ်တွေနဲ့
တသက်လုံး ချစ်နေတော့မှာပါ….။

နေခြည်သစ်နွယ်(ပြည်)

No comments: