Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, June 6, 2012

“ချစ်သူ”



ချစ်သူ
အပြစ်မယူပါနဲ့
ညစ်ထူထူအရောင်တွေမပါ
အချစ်တူတာ…ဒီကမ္ဘာမှာ
နင်ဟာ ငါ့ရဲ့ချစ်သူပါ….။
ချစ်သူ
ရက်စက်ဖို့ မပြောရက်
အပြောတတ်တာ ငါမဟုတ်
နှလုံးသားလှတာ..ငါ
အပြုံးတရားမပျက်ခဲ့ပါ
ရိုးသားစွာချစ်တာ
နင်ဟာ ငါ့ရဲ့ချစ်သူပါ…။

နေခြည်သစ်နွယ်(ပြည်)

No comments: