Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, June 6, 2012

“စိတ်ကူးယဉ်ထဲက သတို့သမီး”

 

“စိတ်ကူးယဉ်ထဲက သတို့သမီး”


ငါ..ဖြစ်ချင်ခဲ့တာ
လှပတဲ့ပန်းတစ်ပွင့်ကို
ပုံဖော်ထုဆစ်မယ်
ခမ်းနားတဲ့ အိမ်လေးတစ်လုံး
အကောင်းဆုံး ဆေးခြယ်မယ်….။

ငါ..လိုချင်ခဲ့တာ
ဖြူစင်သော အနမ်းတစ်ပွင့်
ဆေးစက်တွေကျရာမှာ
သတို့သမီးလေး ဖြစ်ချင်တာ
ဒါ…စိတ်ကူးယဉ်ကမ္ဘာ…..။
ငါ…ပေးချင်ခဲ့တာ
နှစ်တစ်ရာတွေတိုင်
ချစ်သစ္စာတွေ ခိုင်မြဲမယ့်
အနမ်းတစ်ရာ နှစ်ပေါင်း
ချစ်ကြောင်းကုန်စင် ပြောပြမယ်
ဒါ…သတို့သမီးရဲ့ အချစ်သစ္စာ…။

နေခြည်သစ်နွယ်(ပြည်)

No comments: