Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, April 12, 2013

“ချစ်သောမေ”

“ချစ်သောမေ”

ချစ်သက်ကညာ၊ ထိပ်ထားအလှ

ထုံးဖွဲ့ကာထား၊ နှလုံးသားမှာ

ဖြူစင်မေတ္တာ၊ ပေးဝေငှ၍

စိတ်ထားအလှ..

ကြွကြွရွရွ၊ သနပ်ခါးလည်း

ပါးပြင်နှစ်ဖက်၊ ပါးကွက်ကြားခြယ်

မယ့်ကေသာထက်၊ ဆံနွယ်ဆံထုံး

ရစ်သိုင်းကာမျှ၊ ဆင်ယင်ထားလည်း

ရိုးမသွားဘူး၊ ပျို့အနားဝယ်

အပါးတော်မြဲ၊ ၀ပ်စင်းခစား

အချစ်ပွား၍၊ မသွားပါဘူး

ထားရာမှာနေ၊ စေလိုရာသွား

နှလုံးသားက၊ ပျို့အနားမှာ….

ဖ၀ါးမခွါ၊ ထာဝရပဲ..

အသဲ(သည်း)ထဲက..ချစ်နေမယ်….။


နေခြည်သစ်နွယ်(ပြည်)

No comments: