Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, April 12, 2013

“မြန်မာတို့ရဲ့နှလုံးသား”

“မြန်မာတို့ရဲ့နှလုံးသား”
ပုဂံဟာ မြန်မာ
ရာဇ၀င်မော်ကွန်းတင်လို့
မင်းအနော်ရထာရဲ့
ချစ်ခြင်းမေတ္တာ
ပုဂံဟာသာသနာ
ရောင်စဉ်တွေခြုံလွှမ်း
အလွမ်းနှလုံးသားရဲ့ခြေရာ
ပုဂံဟာ..ထည်ဝါ
တကယ်ပါ..မညှိုးနွမ်း
လွမ်းရတဲ့…သမိုင်းအမွေ
စိန်းလန်းသောမြေ
မြထနောင်းတွေဝေ…
အလှပေါင်းတွေ….ခညောင်းစေ…။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: