Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, April 12, 2013

“ပိတောက်နဲ့အပြိုင်”

“ပိတောက်နဲ့အပြိုင်”
ချစ်သူရေ
အနှောင်တွယ်မဲ့..ဘ၀ခရီးမှာ
နီးကပ်စွာနဲ့..ရှိနေချင်တယ်
ချစ်သူရေ
ပိတောက်တွေပွင့်..နေပြင်းခလည်း
လှမနွမ်းတဲ့..ချစ်ရဲ့သစ္စာ
မေတ္တာဖွဲ့ထုံး..နှလုံးသားမှာ
သက်ဆုံးထိတိုင်သာ…။
ချစ်သူရေ
အဖော်မဲ့ကြမ်း..ခရောင်းလမ်းလည်း
တစ်ယောက်တည်းလှမ်း..ခရီးဆက်ရန်
နီးစပ်ခွင့်ရှိ..စိတ်ချင်းထိလည်း
အသည်းထဲစွဲသိ..ရင်မှာမချိအောင်
ခံစားရအုံးမည်..။

ချစ်သူရေ
အဖော်မဲ့မီးအိမ်..ကမ္ဘာကျယ်လည်း
မှောင်ထုဖြိုခွင်း..အလင်းပေးမည်
ချစ်ခြင်းကိုယ်စီ..ဤသို့တိုင်ပင်
မယိုင်မလဲ..သစ္စာတည်မြဲ
ရည်စွဲစိတ်သန်..အိပ်မက်လမ်းမှာ
ခမ်းနားစွာနဲ့…ရှိနေမယ်…။

No comments: