Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“လမင်းငိုသံ”

ရင်ထဲမှာ တသသ
နှောင်ဖွဲ့မေတ္တာ ဒီကမ္ဘာမှာ
အကြင်နာအချစ်များ
လ၀န်းပမာ ထိန်လင်းသာတည့်
မြတ်သောအချစ်…..။

ကောင်းကင်ကမ္ဘာ အမှောင်ယံမှာ
တိမ်တွေရွေ့လျား…
အချစ်စစ်များက
နှစ်ဦးသားကမ္ဘာ
ဝင်းလက်နေတာ လမင်းအသိပါ
ထာဝရလိုရှိနေမှာ….။
သစ္စာပန်းတွေ…ချစ်ရနံ့ထုံစေ
သင်းပျံ့မွှေးနေ..တလောကလုံးပေ
သို့သော်…နှစ်ဦးသား
ကမ္ဘာခြားနေ…နှစ်ကိုယ်ဝေးကွာစေ
မှုံပြပြလမင်းက…မျက်ရည်တွေစိုလို့ရွှဲကာ
သြော်……
သနားစရာကောင်းပါဘိလား…..။

တေးရေး-လှိုင်းသန့်(မြန်မာစာ)
နေခြည်သစ်နွယ်(ပြည်)

No comments: