Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“ပန်းသခင်အတွက်”

တသားမွေး တသွေးလှ
ငေးမ၀တဲ့ မမထား
အလှလေးတွေ...ငေး
စာလေးတွေရေးလို့
အပြုံးပန်းတစ်ရာဝေ
မမုန်းတမ်း မေတ္တာတွေ
ပေးဝေတယ်...သူမအလှ
ရူပကာက မကြွားဝါ
သူမရယ်ရင်...ပါးချိုင့်လေးရယ်ပါလို့
ဖြူနုလှ အသားအရေ
အကြွားတွေ တကယ်မထပ်ပါဘူး
အများတကာလယ် ထင်ပေါ်ခဲ့တာမို့
စာရေးဆရာမ....လွန်းထားထားရယ်လို့
ကမ္ဗည်းပင်မထပ်ကွယ်...မေတ္တာရည်ယှက်နွယ်လျက်
သူမ၏မတ္တာ...
ဤကမ္ဘာဝယ်.....ဖုံးလွှမ်းပါဘိတကား....။

မမထား(လွန်းထားထား-ဆေးတက္ကသိုလ်)အတွက် မေတ္တာလက်ဆောင်လေးပါ..။

နေခြည်သစ်နွယ်(ပြည်)
ကိုယ်တိုင်ခံစားရေးဖွဲ့သည်(၀၁း၄၅)နာရီ

No comments: