Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“အိမ်ပြန်ချိန်အလွမ်း”

အတိတ်နေ့ရက်တစ်ခုမှာ
သောင်ရင်းမြစ်ရဲ့ ကမ်းစပ်နားမှာ
ငါ..အလွမ်းတွေထပ်ခဲ့ရတယ်….။
ကမ်းရှိသော်လည်း မတင်
လှမ်းကြည့်သော်လည်း မမြင်
သြော်…တစ်ဖက်ကမ်းဆီ…..။

ဒေါနတောင်ရဲ့ ခုနစ်ထပ်
သံလွင်မြစ်ရေ ကူးခတ်
ဇွဲကပင်ရဲ့ ပန်းချီကားတစ်ချပ်က
အိမ်ပြန်ချိန်ကို လွမ်းစေခဲ့ပြီ……။
ဘားအံမြေရဲ့ (တလပေါ့)
ချိုမြမြ မျှစ်ချိုတွေက
ကော့ကရိတ်မြေက ထွက်ခွာ
ကျန်ခဲ့ပြီ ဒီရင်မှာ
လွမ်းမောစရာမြေ….ရွှေမြင်းဝန်းခြေ
သြော်…ကျန်ခဲ့ပါပြီတကား…..။

နေခြည်သစ်နွယ်(ပြည်)

No comments: