Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“ပျောက်ဆုံးသောနေ့”

ရည်ရွယ်ချက်တွေ ပျက်သုဉ်း

စိတ်ကူးတွေ အရူးဆုံး

နှလုံးသည်းပွတ် ကြွေမတတ်

ရေခပ်သော်လည်း အနေခက်
တွေဝေတတ်တဲ့ သူ့ကမ္ဘာ

မင်းအပူများ...ပါသလား

ရင်ထဲရှိတာပြော

ငိုကြွေးလွန်း..သူ့နှလုံးသားက

ဘာဖြစ်ဖြစ်...ချစ်တယ်

ရစ်ပတ်စရာ အနွယ်မရှိ

အချစ်သည်သာ...ရင်နာစရာ

လမင်းတွေလည်း ငိုနေမှာ

ငါလည်းပဲ...ငိုနေခဲ့တာ

ခွဲခွါအုံးပေါ့....အဝေးဆုံးသို့လေ......။


နေခြည်သစ်နွယ်(ပြည်)

No comments: