Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“ငါ…မငိုပါရစေနဲ့”

ငါ့အနားမှာ နီးနီးလေးနေပါ
ထွက်မသွားပါနဲ့…ဖက်ထားခွင့်ပြုပါ..
ငါ့ကို..ညင်သာစွာ ပွေ့ဖက်ထားလို့
ကြင်နာစွာ အနမ်းတစ်ခုပေးပါ
ငါ့နှလုံးသားမှာ နင်ရှိနေပါ
ဝေးသွားမှာ စိုးကြောက်မိသူ….။

နီးနီးလေးလည်း တန်ဖိုးထားတယ်
ဝေးဝေးပြေးလည်း တန်ဖိုးထားမယ်
ငါ့အချစ်တွေ နင်တစ်ယောက်ဆီ
ပုံအပ်ထားတယ် ယုံကြည်ပါကွယ်
ငါ့နှလုံးသားက သစ္စာဆိုတယ်
ရှင်သန်နေစဉ် အချိန်တိုင်းတကယ်
နင်တစ်ယောက်ကို အမြဲတမ်းချစ်နေမယ်…။

နေခြည်သစ်နွယ်(ပြည်)

No comments: