Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ချော့တေးသံစဉ်”



တေးဆိုလို့ ချော့မြူသိပ်မယ်
အိပ်ပါတော့ ချစ်သူညီမငယ်
ကြည်လင်လို့ရွှင်ပျ...၀င်းပလှ ညီမငယ်မျက်နှာ
ရှုလို့ပင် ချစ်မဝ
ညစဉ်အမြဲ ချော့တေးဆိုကာ
အိပ်ပါတော့လား...ညီမငယ်ကဗျာ....။
နေ့သစ်တစ်ခုအတွက် အားအင်သစ်
တေးသီငှက် အကြိမ်ကြိမ်ဖြစ်
တေးသံစဉ် အနှစ်တွေနဲ့
ညစဉ်ပင် ချော့မြူသိပ်မယ်ကွယ်....။

ဘ၀အမောတွေ ပြေပျောက်စေတယ်
ညစဉ်ပင် ချော့မြူသိပ်မယ်
ချစ်သူအကိုရဲ့ ချော့တေးသံစဉ်တွေနဲ့ကွယ်
ညီမငယ်ရင်ထဲ နွေးနေဆဲတကယ်
အိပ်တော့ကွယ်...ချစ်သူညီမငယ်
မနိုးထပါစေနဲ့တော့ကွယ်
ချစ်ညီမငယ် ထာဝစဉ်အပါး
မှေးစက်ကာ ရင်ခွင်အနားမှာ
တေးဆိုလို့ ချော့ကာနေအုံးမယ်.......။

နေခြည်သစ်နွယ်(ပြည်)

No comments: