Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ဇွန်နဲ့အတူ”

ဇွန်နဲ့အတူ ကျလာခဲ့တဲ့
မိုးဖွဲလေးရေ
ငါလွမ်းလိုက်တာ
နင်ပက်ဖျန်းတဲ့ မိုးရေစက်တွေအောက်မှာ
ငါတစ်ယောက်တည်း….အထီးကျန်စွာ
ငါ့ပါးပြင်မှာ မိုးစက်တွေနဲ့အတူ
အလွမ်းမျက်ရည်တွေ စိုရွှဲနေလို့ပေါ့
တိတ်ဆိပ်တဲ့…လမ်းမထက်မှာ
ကြင်နာစွာ ပွေ့ဖက်ထားသူ
ဘယ်မှာလဲကွယ်….
ဇွန်နဲ့အတူမျှော်နေမယ်
မိုးရေထဲလည်း လျှောက်သွားမယ်
ကြောက်အားတွေ ပိုခဲ့ပေမယ့်
အချစ်တစ်ခုရဲ့ အားအင်တွေနဲ့
ရင်ဆိုင်ကာ ဖြတ်သန်းလိုက်မယ်
ဇွန်မိုးဖွဲတွေနဲ့အတူလေ……..။

နေခြည်သစ်နွယ်(ပြည်)

No comments: