Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

“အမေ့အတွက် ဘ၀ပေးတဲ့လား”


အဖေအနားမှာ မရှိတော့ပေမဲ့
အမေက အရာရာအတွက် အသင့်ရှိနေတယ်
အဖေ..ထားသွားရက်ဖို့ ကြိုးစားခဲ့ပေမဲ့
အမေက ရိုးသားစွာနဲ့ ငိုရှိုက်နေပြန်တယ်
ကြင်နာစွာတစ်လှည့်… နာကျင်စွာတစ်လှည့်ဖြင့်
အဖေ့ရဲ့ကျောပြင်ကို ငေးမောစွာကြည့်နေရင်း…
နှလုံးသားထဲက ဒဏ်ရာတွေကို
မြတ်နိုးစွာနဲ့ သိမ်းဆည်းထားခဲ့တယ်…။

အဖေလှည့်မကြည့်ခဲ့ပေမဲ့
ဘ၀အတွက် အမေ အသက်အရှင်ခဲ့တယ်
ကြမ်းတမ်းခက်ထန်ခဲ့တဲ့ အချိန်တွေမှာ
သောကတွေကို ပွေ့ပိုက်ကာကျော်ဖြတ်ရင်း
ဘ၀ပင်လယ်ပြင်ကို ရွက်လွင့်နေခဲ့ပြန်တယ်
ချစ်တယ် အမေရယ်…..
အမေ့ရဲ့ နှလုံးသွေးတွေက
တစ်စက်ကလေးမျှ ရပ်တန့်မသွားခဲ့ဘူး…
ချန်ထားရစ်ခဲ့တဲ့အဖေ့ကို မတမ်းတဖြစ်ခဲ့ပေမဲ့
ချစ်ခဲ့ဖူးတဲ့ အမေ့ရဲ့သံယောဇဉ်မေတ္တာတရားတွေက
သား(သမီး)တွေအတွက်တော့…
တစ်ဒေါင့်တစ်ညပုံပြင် ဖြစ်ခွင့်ရခဲ့ပြန်ပြီ….
ထိုအရာတွေဟာ…..
အမေ့အတွက် ဘ၀ပေးဝဋ်ကြွေးတွေများလားတဲ့လေ…..။

နေခြည်သစ်နွယ် (ပြည်)

No comments: