Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

ချစ်သောကမ္ဘာမြေပေါ်မှာ


ချစ်သူ့အပြုံးများအား မြင်နိုင်ဖို့ရာ
စက္ကန့်လေးတွေ လက်ချိုးရေတွက်ထားသည်
ချစ်သူ့စကားသံတွေကြားဖို့ရာ
နှလုံးသားက နားစွင့်ထားသည်
လွင့်ပြယ်နေသော ကောင်းကင်ပေါ်တွင်မဟုတ်
တရုတ်ဇာတ်လမ်းထဲကလိုမဟုတ်
ရုတ်တရက် အသက်ရှူ ရပ်မသွားရအောင်
ကျွန်မ အသက်ခဏအောင့်ထားလိုက်သည်
ရောက်တဲ့အရပ်မှာ မျှော်နေခဲ့တာ
ပျော်နေတဲ့ ရေခဲပြင်ထဲမှာ မဟုတ်ပါ
အော်ခေါ်နေတယ် မဟာသမုဒ္ဒရာထဲမှာ မဟုတ်ပါ
ကျွန်မချစ်သော...ချစ်သော ကမ္ဘာမြေပေါ်မှာ....။


 နေခြည်သစ်နွယ် (ပြည်)

No comments: